Main menu

မြန်အောင်မြို့နယ် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

              ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကြာနီကန်လမ်း၊ မြန်အောင်မြို့ရှိ လုပ်ငန်းရှင်နေအိမ်၌ Online မှ ဈေးရောင်းချသူများ ယုံကြည်စိတ်ချမှုရှိစေရန်၊ အတုအပလိမ်လည် ရောင်းချခြင်းများမရှိစေရန် နှင့် Online Shopping များနှင့်ပတ်သက်၍ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများကိုကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ် ငန်းများဆောင်ရွက်ရန် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ တရားဝင်ကိုယ်ပိုင်ဝက်ဘ်ဆိုက် တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိ ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက် အလက်နှင့် အာမခံချက်များပေးအပ်ရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသောအရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည် ဖြစ်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ဝန်ကြီးဌာန ဝက်ဘ် ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့်ဝယ်သူကြားမှာ ယုံကြည်မှုပိုမို ရရှိစေမှာဖြစ်ပါသည်။ ရောင်းသူ/ဝယ်သူ အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေကြောင်းအရ မှန်ကန်စွာဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ် ဖြင့်ရောင်းချခြင်းကို ဆောင်ရွက်မည်ဆိုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း အဆင့်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)