Main menu

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများကို သိရှိပြီး စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန် ထိန်းကျောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ    နိုဝင်ဘာလ (၁၆) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ KT မွေးမြူရေးလုပ်ငန်းစုမှတာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူပြည်သူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကိုသိရှိနိုင်စေရန် အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ နစ်နာဆုံးရှုံးမှုစသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူများအားလုံး စားသုံးသူအခွင့်အရေးများကိုသိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများနှင့် ဌာနအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)