
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဒီဇင် ဘာလ ၁၆ ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ဆေးရုံဟောင်းလမ်း၊ တာကလေး ရပ်ကွက်ရှိ ဟင်္သာညီနောင် နှင့် မေတ္တာရှင် အဆင့်မြင့်ခရီးသည်ပို့ဆောင်ရးလုပ်ငန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော ဝန် ဆောင်မှုများရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ရန်၊သတင်းအချက် အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း၊ သယ်ယူပို့ဆောင်ရေးတာဝန်ခံများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များအား လိုက်နာဆောင် ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ယာဉ်လိုင်းအသုံးပြုသည့် စားသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
