
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိတွင် မိုးစပါးများ ရိတ်သိမ်းပြီး လယ်ဧကများတွင် ဆောင်းသီးနှံအဖြစ် ပဲတီစိမ်း၊ ဆီထွက်သီးနှံ၊ မြေပဲနှင့် နေကြာသီးနှံများကို ပြည်ပဝင်ငွေရရှိစေရန်၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် တောင်သူများဝင်ငွေတိုးပွား၍ ဒေသခံများ အလုပ်အကိုင်များရရှိစေရေးတို့အတွက် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ၂၀၂၅-၂၀၂၆ခုနှစ် စိုက်ပျိုးရာသီတွင် ခရမ်းမြို့နယ်ကျေးရွာ (၆၃)ရွာရှိ လယ်ဧကများတွင် တောင်သူကြီးများက နိုဝင်ဘာလလယ်ခန့်မှစ၍ လယ်ယာမြေများ ထွန်ယက်၍ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ၊ ပဲလွန်းသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ဒီဇင်ဘာလလယ်တွင် လယ်ယာမြေထွန်ယက် ပြီးစီးဧက (၇၁၆၂၇)ဧက ထွက်ယက်ပြီးစီးနေပြီး ပဲတီစိမ်း (၆၈၃၅၇)ဧက၊ မတ်ပဲ (၆၇)ဧက၊ ပဲလွန်း (၄၄)ဧက ဆီထွက်သီးနှံမြေပဲ (၃၅၁)ဧက၊ နေကြာ (၉၇)ဧက၊ ပိုက်ဆံလျှော် (၆၅)ဧကတို့ စိုက်ပျိုးပြီး၍ စုစုပေါင်းဆောင်းသီးနှံ စိုက်ပျိုးပြီး (၆၈၉၈၁)ဧက စိုက်ပျိုးပြီးစီးနေပြီး ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရန် (၁၀၆၁၀၉)ဧက လျာထားချက်ရှိ၍ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးပြီးစီးမှုမှာ လျာထားချက်၏ (၆၅)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးနေပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ စိုက်ပျိုးပြီးစီးမှု စာရင်းများအရ သိရှိရပါသည်။
DOCA(ရန်ကုန်)
