Main menu

ဇလွန်မြို့မဈေးရှိ ကုန်စုံဆိုင်များမှ တစ်ဆင့် ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၁၄.၁၂.၂၀၂၅)ရက် နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် ဇလွန်မြို့နယ် လမ်းမတော်(မ)ရပ်ကွက် (မြို့မဈေး)ရှိ ကုန်စုံဆိုင်များမှ တစ်ဆင့် ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှတစ်ဆင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား မြေပြင် ကွင်း ဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဇလွန်မြို့နယ် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ် ဆင့် ခွဲတမ်းရရှိသောဆီများအား ကုန်စုံဆိုင် ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ် ရည်ညွှန်းဈေး ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် ၂ ကြိမ် ရရှိကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)