
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၁၈.၁၂.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၈၂၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ် လျှင် ၂၈၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၆၀၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၈၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံး ဆံ ၈၄၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၈၂၀၀ ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၈၀၀ ကျပ် ရှိရာမှ ယခုတစ်ပတ်တွင် ၈၀၀၀ ကျပ်ခန့်၊ ပဲပုတ် ၂၀၂၅ ခုနှစ်အတွက် တန်ချိန် (၁၇၅၀၀) ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန် (၁၈၀၀၀)ရှိမည်ဟုခန့်မှန်းကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ပဲနှမ်းအသင်းမှ သိရှိရပါသည်။
DOCA(ရန်ကုန်)
