Main menu

“စားသုံးသူများဘေးကင်းဖို့ကုန်အညွှန်းအမှတ်အသားဖတ်ရှုစို့”ခေါင်းစဉ်ဖြင့်စားသုံးသူကာကွယ်ရေးဆိုရာ အသိပညာပေးဆွေးနွေးပွဲ (TalkShow) ကျင်းပ

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည်  စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို ပြည်သူအများသိရှိနားလည်စေရန် ကဏ္ဍပေါင်းစုံ၊ နည်းလမ်းပေါင်းစုံ၊ ထောင့်ပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
          ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့  (နံနက် ၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဦးမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာနွယ်သည် ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ၏ဦးစီးဌာနနှင့်ပူးပေါင်း၍ ချောင်းဦးမြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စားသုံးသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
      ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးထိန်လင်းက သိရှိလိုသည်များကိုမေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ၀န်ခံ ဒေါ်ဇင်မာနွယ်က စားသုံးသူရေးရာဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြောင်းသိရသည်။ ရှင်းလင်းဆွေးနွေး‌ရာတွင် စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူကာကွယ်ရေးအဓိပ္ပာယ်၊မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအကြောင်း မိတ်ဆက်ပြောကြားပြီး "ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက"ဆောင်ပုဒ်အတိုင်း ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်ထုတ်လုပ်ရာတွင် ပါဝင်ရမည့်အချက်အလက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း မိမိတို့ထုတ်ကုန်များကို လုံခြုံစိတ်ချရမှုရှိစေရန် ဥပဒေပါအတိုင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံအောင်ထုတ်လုပ်ကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရန်အတွက်  ဆောင်ရွက်ကြရာတွင်လိုအပ်ပါက  ဌာန၏အကူအညီကို ရယူနိုင်ပါကြောင်း၊ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြစေခြင်းသည် လုပ်ငန်းရှင်များဘက်မှ မိမိကုန်စည်ကို အာမခံပေးထားခြင်းဖြစ်သလို စားသုံးသူများဘက်မှလည်း ကုန်စည်၏ကုန်အညွှန်းအမှတ်အသားကို ဖတ်ရှုရုံဖြင့် မိမိတို့နှင့်သင့်တော်သည့်ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်ကြမည်ဖြစ်ကြောင်း၊ ကုန်စည် (သို့) ၀န်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့်လိပ်စာများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်အခြားလုပ်ငန်းများအကြောင်းကို ပြည့်ပြည့်စုံစုံရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

DOCA(စစ်ကိုင်း)