
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် (၁၁.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဒေသ တွင်း ထုတ်လုပ်လျက်ရှိသော မြေပဲဆုံဆီလုပ်ငန်းရှင်(၄)ဦးထံသို့ သွားရောက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ဆွေးနွေးရာတွင် မြေပဲတွင် အာဖလာတောက်ဆင် မှိုဆိပ် ပါနိုင်၍ အထူး သတိပြုစေလိုကြောင်း၊ အစား အသောက်၏ အခြေခံအချက်မှာ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်ကြမ်းပစ္စည်းများကိုသာ သတိပြုသုံးစွဲစေလိုကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်း ရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၊မိမိတို့ စစ်ဆေးရေးအရာရှိများမှ လည်း ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များအား စားသုံးသူ ကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်အောင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေး နွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
