Main menu

အနောက်စု အ.မ.က ကျောင်းတွင် consumer callcenter အကြောင်း အသိပညာပေး ဆွေးနွေး

Powered by Drupal

                 (၁၆.၁၂.၂၀၂၅)​နေ့ နံက် (၁၀)နာရီအချိန်တွင်‌ စားသုံးသူ​​ရေးရာဦးစီးဌာန ၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒုဦးစီမှုး ဒေါ်ချိုမီဇင်ပါဝင်သောအဖွဲ့သည် ညောင်တုန်းမြို့နယ် အနောက်စု(အမက)တွင် ဆရာ၊ဆရာမ  နှင့်​ကျောင်းသား​ကျောင်းသူ ၁၅၀ ဦးတို့အား စားသုံးသူကာကွယ်​ရေး ဥပ​ဒေအ​ကြောင်းသိ​​ကောင်းစရာများ ​ဟော​ပြော​ဆွေး​နွေးခြင်း၊ လက်ကမ်းစာ​စောင်များဖြန့်​ဝေခြင်း၊ consumer callcenter သို့ စမ်းသပ်​ခေါ်ဆိုခြင်းများအား​ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

           အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်း ကြောင်းကို လည်း ကောင်း၊ ဥပဒေရေးဆွဲဖြစ်ပေါ်သည့် အကြောင်းကိုလည်းကောင်း၊ စားသုံးသူကာ ကွယ်ရေး ဥပဒေ သည် (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ။)၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၁၀ ရက်(၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်)က ထုတ်ပြန်ခဲ့ပြီး အခန်း(၂၅)၊ ပုဒ်မ ၈၄ခုပါဝင်ကြောင်း ကိုလည်းကောင်း၊ စးသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို အကျယ်တဝင့်ရှင်းလင်းပြီး၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ် အကြောင်းကို သိရှိလိုပါက အလွယ် တကူဆက်သွယ်နိုင်သော consumer callcenter1535 အကြောင်းကို ရှင်းလင်းဆွေးနွေးပြီး Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) များသို့ ခေါ်ဆိုမေးမြန်းမှုများကို ကျောင်းသားလူငယ်များအား လက်တွေ့သရုပ်ပြသပြီး ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူ ၁၈၀ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)