
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော ကွမ်းသီးစိမ်းနုကို ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလ အတွင်း တင်ပို့လျက်ရှိကြောင်း သိရသည်။ ကွမ်းသီးနုကို ခြံမြေတွင် စိုက်ပျိုးပြီး နှစ်ရှည်ပင်ဖြစ်၍ ၁ဧက နီးပါးရှိပြီး အပင်ပေါင်း ၃၀၀၀ကျော်နီးပါးရှိကြောင်းသိရသည်။ ထွက်ရှိသော ကွမ်းသီးနုများကို ရန်ကုန်သို့ အပတ်စဉ် တင်ပို့ကြောင်း တစ်ပတ်လျှင် ပိဿာချိန် ၂၀၀၀နီးပါးရရှိ၍ ၁လအတွင်း ပိဿာချိ ၈၀၀၀ နီးပါး ထိ တင်ပို့ရောင်းချခဲ့ ကြောင်း စိုက်ပျိုးရောင်းချသူ ဒေါ်လှမေထံမှ သိရသည်။
လက်ရှိ ကွမ်းသီးနုဈေးနှုန်းအနေဖြင့် ၁၀ ပိဿာလျှင် ငွေကျပ် ၁၂၅၀၀၀ ထိ ဈေးရရှိကြောင်း ။ ရန်ကုန်ဈေးကွက်ကို စက်တင်ဘာလမှ စ၍ တင်ပို့ရပြီး ၉/၂၀၂၅ လက ပိဿာ ၅၀၀၀ခန်ံ၊ ၁၀/၂၀၂၅ လက ၇၅၀၀ခန့်၊ ၁၁/၂၀၂၅လက ၈၀၀၀ခန့်၊ ၁၂/၂၀၂၅ လက ၈၀၀၀ခန့် တင်ပို့ခဲ့ပြီး ကွမ်းသီးနု ပိဿာချိန် စုစုပေါင်း ၂၈၅၀၀ပိဿာခန့် တင်ပို့ခဲ့ပြီးကြောင်းသိရသည်။ ဓနုဖြူမြို့နယ်ကနေ ထွက်ရှိတဲ့ ကွမ်းသီးနုတွေကို ပြည်တွင်းဈေးကွက်အပြင် ရန်ကုန်မှ တဆင့် တရုတ်နိုင်ငံဘက်ကပါ ဝယ်ယူမှုတွေရှိကြောင်းဟု ဓနုဖြူမြို့နယ် ကွမ်းသီး စိုက်ပျိုးသူထံမှ သိရသည်။
DOCA(ဧရာဝတီ)
