Main menu

ရွှေဘိုမြို့၏ (ဥစိုက်)ကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့် ရောင်းဝယ်မှု

Powered by Drupal

         စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘို ခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

      ယခု နိုဝင်ဘာလ တတိယပတ်တွင် ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ပွဲရုံများ၌ ကြက်သွန်နီအဟောင်းများအပြင် (ဥစိုက်) ကြက်သွန်နီ အသစ် (မိတ်ပြန်)များ အနည်းငယ် ဝင်ရောက်လျက်ရှိပါသည်။(ဥစိုက်)ကြက်သွန်နီအသစ်များမှာ မိမိတို့ဒေသမှ ထွက်ရှိခြင်း မရှိသေး၍ မန္တလေး ပွဲရုံများမှ တစ်ဆင့် မှာယူရောင်းချရကြောင်း ကြက်သွန်နီ ရောင်းချသော ပွဲရုံတစ်ခုမှ သိရသည်။

    ရွှေဘိုမြို့သို့ မန္တလေးမြို့မှ (ဥစိုက်)ကြက်သွန်နီသစ်များ  နေ့စဉ် ပိဿာ ၁၀၀၀မှ ၁၅၀၀ကြားခန့် ဝင်ရောက်လျက်ရှိပြီး လက်လီ တစ်ပိဿာလျှင် ၂၃၀၀ကျပ်မှ ၂၅၀၀ကျပ်ထိ ရောင်းချလျက်ရှိရာ  နေ့စဉ်အသုံးများသည့် အစားအသောက်ချက်ပြုတ်ရောင်းချသည့် စားသောက်ဆိုင်များနှင့် စားသုံးသူများမှ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)