Main menu

“ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်မြင့်တက်”

Powered by Drupal

          ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင်နွေ၊ မိုး ၊ ဆောင်း ဥတုသုံးပါး ညီမျှခြင်းကြောင့် သီးပင်၊ စားပင်များအား စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီးသီးနှံကို လွယ်ကူစွာ စိုက်ပျိုးလျှက်ရှိပါသည်။ ယခုအချိန်တွင် ရှမ်းပြည်နယ်၊အောင်ပန်း၊ အင်းလေးမှ ထွက်ရှိ သော ခရမ်းချဉ်သီးများ ကျောက်ဆည်ခရိုင်အတွင်းသို့ ဝင်ရောက်လျက်ရှိသလို ၊ မြို့နယ်အတွင်း စိုက်ပျိုးထားသော ခရမ်းချဉ်သီး သီးနှံများလည်း အနည်းငယ်ထွက်ပေါ်နေပြီး ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင်(၉၀၀၀-၉၅၀၀)ကျပ်၊ ခရမ်းချဉ်သီး‌(ရှမ်း)စျေးနှုန်းအနေဖြင့် ဒီဇင်ဘာလ ပထမ ပတ်တွင် (၁)ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ် ရှိခဲ့ရာမှ ဒီဇင်ဘာလ တတိယပတ်တွင် (၁)ပိဿာလျှင် (၆၀၀၀-၆၅၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ် နှင့် ယခုအပတ် နှိုင်းယှဉ်ပါက စျေးနှုန်းများ မြင့်တက်လာကြောင်း၊ ခရမ်းချဉ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် အောင်ပန်း၊ အင်းလေးမြို့များမှ ဝင်ရောက်ရာတွင် သယ်ယူစရိတ်များပြားခြင်း နှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)