Main menu

ဆန်စက်လုပ်ငန်းမှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်တွင်း ကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ    နိုဝင်ဘာလ(၁၈)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ သိင်္ဂီဆန်စက်လုပ်ငန်းမှ မန်နေဂျာနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  ဆန်စက်မန်နေဂျာမှ သိင်္ဂီဆန်စက်ဝင်းအတွင်းတွင် တန်(၁၀၀)ကျ ဆန်စက်နှင့် တန်(၆၀)ကျဆန်စက် နှစ်လုံးတည်ထားပြီး တန်(၁၀၀)ကျဆန်စက်တွင် ရွှေဘိုပေါ်ဆန်းစပါး များသာကြိတ်ခွဲလျက်ရှိပြီး တစ်နေ့လျှင် စပါးတင်း(၅၀၀၀)ခန့်ကြိတ်ခွဲလျှက်ရှိကြောင်း၊ တန်(၆၀)ကျ ဆန်စက်တွင် ဧရာမင်းစပါးများကို ကြိတ်ခွဲကြောင်း၊ အစိုဓါတ်(၁၂)%နှင့် (၁၂.၅)%ရှိသောစပါးများကို ကြိတ်ခွဲပြီး စက်နှစ်လုံးဖြင့် စပါးများကြိတ်ခွဲခြင်းအတွက် လုပ်သား(၁၂၀)အား အလုပ်အကိုင်အခွင့်အလမ်း များပေးနိုင်ကြောင်း၊ ဆန်စက်အတွက် လိုအပ်သောစပါးများကို ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ဝယ်ယူခြင်းနှင့် စပါးပေါ်ချိန်များတွင်ဝယ်ယူ၍ သိုလှောင်ထားခြင်းများဆောင်ရွက်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်ထွက် မိုးစပါးပေါ်ချိန်က ရွှေဘိုပေါ်ဆန်းစပါး တင်း(၄၀၀၀၀)ဝယ်ယူသိုလှောင်ထားပြီး လက်ရှိ အချိန်တွင် ၂၀၂၂-၂၀၂၃ခုနှစ်ထွက်မိုးစပါးများသည် ဒီဇင်ဘာလလယ်ခန့်မှစတင်၍ ဇန်နဝါရီလများတွင် လှိုင်လှိုင်ပေါ်ထွက်တော့မည်ဖြစ်သဖြင့် တောင်သူများလက်ဝယ်တွင် ယခင်နှစ်ထွက်မိုးစပါးများမှာ လက်ကျန်နည်းပါးနေပြီဖြစ်သောကြောင့် ယခင်ကဝယ်ယူသိုလှောင်ထားသော စပါးများကိုသာ အဓိက ထား၍ကြိတ်ခွဲနေကြောင်း၊ ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)ကြိတ်ခွဲပါက စပါးအရည်အသွေးအပေါ် မူတည်၍ အိုးဝင်ဆန်(၂၂)ပိုင်းခန့်ထွက်ရှိပြီး အိုးဝင်မဟုတ်ပါက(၃၂)ပိုင်းနှင့် (၃၃)ပိုင်းကြားထွက်ရှိကြောင်း၊  သိင်္ဂီအမှတ်တံဆိပ်ဖြင့် 12Kg(၆ပြည်)အိတ်၊ 24Kg(၁၂ပြည်)အိတ်၊  50Kg(၂၄)ပြည်အိတ်၊ 2Kg(၁ပြည်)အိတ်၊ 5Kg(၂ပြည်ခွဲ)အိတ်နှင့် 380g(တစ်ဗူးခွဲ)အိတ်များ ထုတ်လုပ်သည့်အပြင် လေထုတ်ထားသည့် 380g၊ 2kgနှင့်  5kgအိတ်များလည်း ထုတ်လုပ်ရောင်းချကြောင်း၊ လေထုတ်ထားခြင်းအားဖြင့် ဆန်ပိုးမတက်ဘဲ ကြာရှည်ထား၍ရသည့်အပြင် ကုန်ကျစရိတ်လည်း သိပ်မများကြောင်း၊  ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်ရှိ စားသုံးသူများအနေဖြင့် သိင်္ဂီဘုရင့်နောင်ပွဲရုံတွင် လာရောက်ဝယ်ယူနိုင်သည့်အပြင် ရန်ကုန်မြို့တွင်း အိမ်အရောက်ဝန်ဆောင်မှုရှိပြီး (၃)ရက်အတွင်းအိမ်အရောက်ပို့ပေးကြောင်း၊ မှာယူလိုပါက တယ်လီဖုန်းဖြင့် လည်းကောင်း၊ Message boxမှလည်းကောင်းမှာယူနိုင်ပြီး AYA Bank၊ CB Bank၊  KBZ Pay / CB Pay များမှတစ်ဆင့်ငွေလွှဲခြင်းအပြင် အိမ်အရောက်ငွေပေးချေနိုင်ကြောင်း၊  သိင်္ဂီဆန်များကို စားသုံးလိုပါက မန္တလေးမြို့၊ နေပြည်တော်နှင့် အခြားမြို့များတွင်လည်း ဝယ်ယူနိုင်ကြောင်း၊ ရွှေဘိုမြို့တွင် ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင်(၂၄၀၀၀၀ဝိ/-)၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင်(၁၄၅၀၀၀ဝိ/-)နှင့် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၁၀၀၀၀ဝိ/-)ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင်(၈၅၀၀၀ဝိ/-)၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင်(၆၅၀၀ဝိ/-)နှင့် ရွှေဝါထွန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင်(၄၃၀၀ဝိ/-) ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)