
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ လမန်းကျေးရွာအုပ်စု၊ ခနောင်ရိုက် ကျေးရွာ ရှိ ငွေလမင်းဆန်စက် ဆန်စက်သို့ (၁၈-၁၂-၂၀၂၅) ရက်နေ့က စက်မှုကြီးကြပ်ဌာန၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးမှုကို ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး နှင့် တာဝန်ရှိသူများက ပူးပေါင်း၍ လမန်းကျေးရွာအုပ်စု၊ ခနောင်ရိုက် ရှိ ငွေလမင်းဆန်စက် အား ကွင်းဆင်းစစ်ဆေးရာ ဆန်စက် ပိုင်ရှင်နှင့် တွေ့ဆုံ၍ ၎င်းတို့ဆန်စက်မှ စပါး ကြိတ်ခွဲလည်ပတ်မှုအနေဖြင့် -မနက်၇နာရီမှ ည၈:၃၀ ထိ လည်ပတ်ပြီး ၁ရက်လျှင်စပါးတင်း(၁၄၀၀)ခန့် (၂၀)တန်ကျကြိတ်ခွဲပြီး ဆန်များကို တင်ပို့မှု-ဒေသတွင်းကုန်သည်များသို့ရောင်းချကြောင်း၊ ဆန်စက်တွင် စပါးလက်ကျန်-၅၀၀၀တင်း ဆန်-၄၀၀အိတ်ခန့်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဆန်စက်ဖွံ့ဖြိုးတိုး တက်ရေးနှင့် စပါးဆန် လက်ကျန်စာရင်များ Myro တွင် ဖြည့်သွင်းဆောင်ရွက်မှု မဖြစ်မနေ လုပ်ဆောင်ပေးရန်ကို မှာကြားခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
