
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ ခရိုင်ရုံးမှဒုခရိုင်မှူး ဦးခင်မောင်ထွန်း နှင့်စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်အေးအေးမွန်တို့သည် (၁၆.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် နတ်တလင်းမြို့၊ ဖလံကုန်းအုပ်စု၊ သာယာကုန်းရွာမှ ခိုင်လဲ့ရည်ထွန်း အလှကုန် ပစ္စည်းများနှင့်စိုက်ပျိုးရေးပစ္စည်းများ OnlineSale လုပ်ငန်းပိုင်ရှင် ဒေါ်ခိုင်လဲ့ရည်ထွန်းအားမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Onlineစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအား မှတ်ပုံတင် လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ခြင်းရှိ/မရှိခြင်းနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိသည်ကိုတွေ့ရှိရ ကြောင်းသိရသည်။
DOCA(ပဲခူး)
