Main menu

ကျောက်တံခါးမြို့နယ်၊ မှန်တန်းကျေးရွာ၊ (အ.မ.က) လွန် ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို  အားတက်ကြိုးစား ဆောင်ရွက်လျက်ရှိရာ ၁၆.၁၂.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ မှန်တန်းကျေးရွာ၊ (အ.မ.က) လွန် ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။

      ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် မိတ်ဖက်ဌာနဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ မှန်တန်းကျေးရွာ၊ (အ.မ.က) လွန် ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များ အကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူ ပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်း စရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၁၂ဦး နှင့် ကျောင်းသား/ ကျောင်းသူ ၂၀၈ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)