Main menu

ပဲနွယ်ကုန်းမြို့ရှိ ကုန်စုံဆိုင်များတွင် အစားအသောက်များ ဘေးကင်းလုံခြုံမှု ရှိစေရန် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၁၂.၁၂.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ရှိ ကုန်စုံဆိုင်များတွင် အစားအသောက်များ ဘေးကင်းလုံခြုံမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် စားသုံးသူပြည်သူများအတွက် လုံခြုံစိတ်ချရမှုရှိစေရန် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချ လျက်ရှိသော အသင့်စား ခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)