
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံး သူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၁၂.၁၂.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး နှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့သည် ဒိုက်ဦးမြို့ရှိ ကုန်စုံဆိုင်များတွင် အစားအသောက် များ ဘေးကင်းလုံခြုံမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်း တို့သည် စားသုံးသူပြည်သူများအတွက် လုံခြုံစိတ်ချရမှုရှိစေရန် ဒိုက်ဦးမြို့ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စား ခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှုရှိကြောင်း သတင်း ရရှိပါသည်။
DOCA(ပဲခူး)
