ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ဒေသမျိုးဖြစ်သော ပီနံငရုတ်သီးစိမ်းများ စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။
ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ပီနံငရုတ်သီးစိမ်းစိုက်ပျိုးသူ တောင်သူ ဒေါ်စန်းစန်းဦး နှင့်တွေ့ဆုံ၍ မေးမြန်းရာ ငရုတ်ပင်စိုက်ပျိုးဧကမှာ (၀.၂၅)ဧကရှိပြီး ဝါခေါင်လတွင် စိုက်ပျိုးကြောင်း သိရှိိရပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပီနံငရုတ်သီးမျိုး ဖြစ်ကြောင်း သိရှိရပါသည်။ မျိုးစေ့ချ၍ စိုက်ပျိုးခြင်းမဟုတ်ဘဲ ပျိုးပင်ကိုသာဝယ်ယူ၍ စိုက်ပျိုး ကြောင်း သိရှိရပါသည်။ ငရုတ်ပင်စိုက်ပျိုးဧက (၀.၂၅)ဧကတွင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ် အနေဖြင့် ၁၅၀၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ငရုတ်ပင်စိုက်ပျိုးပြီး ၄လခွဲ၊ ၅လအကြာတွင် အသီးများခူးဆွတ်၍ ရောင်းချရပါသည်။ ငရုတ်ပင်ခူးဆွတ်ရာတွင် တစ်နေ့ကို ပျမ်းမျှ(၇)ပိဿာခန့် ထွက်ရှိသည်ဟု သိရှိရပါသည်။ ထွက်ရှိလာသော ငရုတ်သီးစိမ်းများကို ပေါက်ခေါင်းမြို့ရှိ ဈေးများ အပါအဝင် ပြည်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။ ပေါက်ခေါင်းမြို့မှထွက်ရှိသော ပီနံငရုတ်သီးကို တစ်ပိဿာလျှင် ၄၀၀၀-၅၀၀၀ကျပ်ဖြင့် ရောင်းချ ရသဖြင့် အကျိုးအမြတ်အနေဖြင့် (၄)သိန်းကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။
ယခုနှစ်တွင် ငရုတ်သီးစိမ်းဈေးများမြင့်တက်လာရခြင်းမှာ သွင်းအားစုဈေး များမြင့်တက် လာခြင်း၊ ငရုတ်သီးအထွက်နှုန်းကောင်းပေမယ့် ဝယ်လိုအားကောင်းလာသဖြင့်ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ပြီး၊ ငရုတ်စိမ်းစိုက်ပျိုးသူတောင်သူများအဖို့ ငရုတ်သီးစိမ်းဈေးများ ကောင်း နေချိန်တွင် ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
DOCA(ပဲခူး)