
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ နှင့် စပ်လျဉ်း၍ ယာဉ်လိုင်းဝန်ဆောင်မှု လုပ်ငန်းရှင်များနှင့် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၃-၁၂-၂၀၂၅ ရက်နေ့ နေ့လည် (၁၄၀၀)အချိန်က တွေ့ဆုံ၍ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မအူပင်သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအဖွဲ့တာဝန်ရှိသူများ၊ အိမ်အရောက်ကုန်စည်ပိုဆောင်ရေး ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းရှင်များ၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနနှင့် အခြားသော ဌာနဆိုင်ရာများကို ဖိတ်ကြား၍ ဆွေးနွေးခဲ့ရာ ခရီးသွားဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာ ဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေးပါသည့်အတွက် ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့မှုအခြေအနေများကို တိကျမှန်ကန်စွာပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ အာမခံချက်နှင့်အညီ တာဝန်ယူဆောင်ရွက်ပေးနိုင်ရေး၊ စားသုံးသူဝန်ဆောင်မှုကို အသုံးမပြုမီ ကြိုတင်သတင်းအချက်အလက်များကြော်ငြာထားနိုင်ရန်တို့ကို လည်းကောင်း၊ မိမိတို့ဌာန၏ လုပ်ငန်း လမ်းညွှန်ချက် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်ပတ်သတ်၍ရှင်းလင်းခြင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သတ်၍ စားသုံးသူနစ်နာမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို တင်ပြမေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူက ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
