
မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်တွင် လိမ္မော်သီးများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း စျေးချိုတော်ရှိ သစ်သီးပွဲရုံတန်းမှ သိရှိရပါသည်။ ဘုရားပွဲနှင့် အလှူပွဲများကျင်းပသည့် ဆောင်းဦးရာသီအတွင်း လိမ္မော်သီးအပါအဝင် သစ်သီးမျိုးစုံ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း လိမ္မော်သီးများအား ရှမ်းပြည်နယ်မှ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် လိမ္မော်သီးစျေးအနေဖြင့် လိမ္မော်သီးအပွ(အလုံးကြီး)တစ်လုံးလျှင် ၂၅၀ဝိ/-နှင့် ၃၀၀ဝိ/-စျေး၊ လိမ္မော်သီး(ခေါင်သီး) ၁၃၀ဝိ/-နှင့် ၁၅၀ဝိ/-၊လိမ္မော်သီး(အလတ်) ၁၀၀ဝိ/-နှင့် ၁၁၀ဝိ/-၊ လိမ္မော်သီး (အလုံးသေး)၇၀ဝိ/-နှင့် ၈၀ဝိ/-၊ ပျားလိမ္မော်နှင့် ရွှေလိမ္မော် တစ်ပိဿာလျှင် ၁၂၀၀ဝိ/-နှင့် ၁၅၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အမျိုးအစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
