
စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှထွက်သည့် ပဲစာဥကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ ပဲစာဥမှာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ပဲစာဥ(ပဲစိမ်းတောင့်) လက္ကားစျေး ၇၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊လက်လီ စျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ပဲစာဥအစိမ်းတစ်ပြည်လျှင်လက္ကား စျေး ၁၂၀၀၀ ကျပ်နှင့် ၁၃၀၀၀ ကျပ်၊လက်လီစျေး ၁၄၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ပဲစိမ်းမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ ဘီးနှင့် ၆ ဘီး)ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
