Main menu

မန္တလေးစျေးကွက်တွင် ပဲမြစ်စျေးကျဆင်းလျက်ရှိ

Powered by Drupal

         ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲမြစ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း ဝင်ရောက်သည့်ပဲမြစ်များအနက် တံတားဦးမြို့နယ်၊ မကျီးတောဒေသမှ ထွက်ရှိသည့်ပဲမြစ်မှာ အတွင်းသားအလယ်အမြစ် ပါဝင်မှုနည်းသည့်အတွက် အခြားဒေသထွက်ပဲမြစ်နှင့် မတူဘဲစျေးအနည်းငယ်ပိုပြီး၊ ဝယ်ယူသူများ ပိုမိုကြိုက်နှစ်သက်‌ကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသည့် ပဲမြစ်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၆၅၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေး ၈၀၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်စျေးတို့ဖြင့် လက်ရွေးစျေးနှင့် ဂျွန်စျေး(မရွေးဘဲချိန်တွယ်သည့်စျေး)တို့ စျေးအနည်းငယ်ခွဲခြား‌ကာ ရောင်းချလျက်ရှိကြောင်း သီရိမာလာစျေးရှိ ပဲမြစ်ပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ  သိရှိရပါသည်။

DOCA(မန္တလေး)