
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၂၄.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၃၀)အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ဆန် စပါးသိုလှောင်ရုံပိုင်ဆိုင်သူများလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် အမိန့်အမှတ် ၈၂/၂၀၂၄ အရ ထုတ်ပြန်ထား သည့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့်အညီ MyRo တွင် မှတ်ပုံတင်လျှောက်ထား မည့် ဆန်စပါးသိုလှောင်ရုံသည် ဆန်တန်ချိန် (၂၅)နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်နိုင်သည့် အကျယ်အဝန်းရှိရမည်၊ ကုန်တင်ယာဉ်များ လွယ်ကူစွာ ဝင်ထွက်သွား လာနိုင်သည့်နေရာ၊ ဆန်စပါးသိုလှောင်ရုံ ဘေးပတ်ဝန်းကျင်တွင် ရေစီးရေလာ ကောင်းမွန်စေရေး၊ သိုလှောင်ရုံအတွင်း လေဝင်လေထွက်ကောင်းမွန်စေရေး စီမံဆောင်ရွက်ထားရှိရမည်၊ အမိုး/အကာ/ အခင်းများ ခိုင်ခံ့ပြီး ကောင်းမွန်မှုရှိရမည်၊ မီးဘေးကာကွယ်ရေးကြိုတင်ပြင်ဆင်မှုများ စီမံထားရှိခြင်း၊ ကုန်ကြမ်းစပါးနှင့်ကုန်ချော ဆန်များကို သီးခြားထားရှိရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံပိုင်ဆိုင်သူ ကုမ္ပဏီ သို့မဟုတ် စီးပွားရေး အဖွဲ့အစည်းဖြစ်ပါက တာဝန်ခံပုဂ္ဂိုလ်၏ ရောင်စုံဓါတ်ပုံ၊ နိုင်ငံသား စစ်ဆေးရေးကတ်ပြားမိတ္တူ၊ လူပုဂ္ဂိုလ်ဖြစ်ပါက ယင်းပုဂ္ဂိုလ်၏ ရောင်စုံဓါတ်ပုံ၊ နိုင်ငံသားစိစစ်ရေး ကတ် ပြားမိတ္တူ၊ ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူသည် အိမ်ထောင်စုလူဦးရေစာရင်း၊ ပိုင်ဆိုင်ကြောင်း သက် ဆိုင်ရာထောက်ခံချက်၊ ဆန်စပါးသိုလှောင်ရုံ တည်နေရာ၊ အတိုင်းအတာနှင့်အမျိုးအစားမှန်ကန် ကြောင်း ဦးစီးမှူးရုံး၏ ထောက်ခံချက်၊ ပိုင်ဆိုင်သူ၏ ဝန်ခံကတိပြုစာ၊ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ၊ သိုလှောင်ရုံ၏ရောင်စုံဓါတ်ပုံ (ရှေ့၊နောက်၊ဘယ်၊ညာ၊အတွင်း) စသည်တို့ကို ပြည့်စုံစွာဖြင့် ဖြည့်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ကြေးကို သိုလှောင်ရုံအကျယ်အဝန်း အလိုက် ဝန်ကြီးဌာန၏ သတ်မှတ်နှုန်းထားများအတိုင်း ဦးစီးဌာနက သတ်မှတ်သည့် ဒီဂျစ်တယ် ငွေပေးချေမှုဖြင့် ပေးသွင်းရပြီး မှတ်ပုံတင်လက်မှတ်၏ သက်တမ်းမှာ စတင်ထုတ်ပေးသည့်နေ့ရက်မှ တစ်နှစ်တိတိ ပြည့်မြောက်သော နေ့ရက်အထိဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
(DOCA ဧရာဝတီ)
