Main menu

နှင်းဆီပန်းများဝင်ရောက်မှုများပြားလျက်ရှိ

Powered by Drupal

           မန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့မှထွက်သည့် ရောင်စုံနှင်းဆီပန်းမျိုးစုံ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ဈေးကွက်အတွင်း ဆူးပါသောနှင်းဆီနှင့် ဆူးမဲ့နှင်းဆီ ခွဲခြား၍ စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ရိုးရိုးနှင်းဆီနှင့် ရေမွှေးနှင်းဆီဟူ၍ နှစ်မျိုးတွေ့ရှိရပြီး၊ နှင်းဆီပန်းများမှာ အဖြူရောင်၊ အဝါရောင်၊ ပန်းရောင်၊ မိတ်ကပ်ရောင်၊ လိမ္မော်ရောင်၊ ကြက်သွေးရောင်နှင့် အနီရင့်ရောင်တို့ကို အများအပြားတွေ့ရှိရပါသည်။ ကြက်သွေးရောင်နှင်းဆီပန်းမှာ ဝယ်ယူသူများ ပိုမိုနှစ်သက်ကြောင်း  သိရှိရပါသည်။  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီစျေးနှုန်းများမှာ နှင်းဆီပန်းရိုးရိုး (၁၀ပွင့်ပါ) ၁ စီးလျှင်  ပန်းအဖူး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊   ပန်းအဖူး (သေး) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ ရေမွှေးနှင်းဆီ ၃၅၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ နှင်းဆီပန်း(ဆူးမဲ့နှင်းဆီ) (၁၀ပွင့်ပါ)၁ စီးလျှင် ၃၀၀၀ကျပ်နှင့် ၄၅၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဘုရားပွဲနှင့် အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ ပန်းမျိူးစုံစျေးကွက်တွင် နှင်းဆီပန်းအရောင်မျိုးစုံ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)