
ပြည်တွင်း/ပြည်ပထုတ်လုပ်တင်သွင်းလာတဲ့ ကုန်စည်နှင့် ဝန်ဆောင်မှုများ အပါအဝင် နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရေး စားသုံးသူကာကွယ်ရေးဥပဒေဖြင့် ကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ နိုင်ငံအဝှမ်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဌာနဆိုင်ရာဝန်ထမ်းများမှ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်နေပြည်သူများသို့ ကွင်းဆင်းဟောပြောခြင်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Online Talk Show အစီအစဉ်များမှတဆင့် အသိပညာ ပေးဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သည့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပြည်မြို့ပေါ်ရှိ အောင်ဆန်းအခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ တေဇအခြေခံပညာမူလွန်ကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများနှင့် ကျောင်းသား/ကျောင်းသူများသို့ သွားရောက်၍ ခရိုင်ပြန်/ဆက်မှ တာဝန်ရှိသူများက စာဖတ်ချိန် မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်း၊ ခရိုင်တိုင်းရင်းဆေးမှ တာဝန်ရှိသူများက တိုင်းရင်းဆေး ပညာနှင့် ကျန်းမာရေးဆိုင်ရ သိကောင်းစရာများနှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ယူဆောင်ရွက်ပေးနေသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများဖွင့်လှစ်မှု အခြေအနေများနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)
