
ပြည်ခရိုင်တွင် ပြည်မြို့နယ်မှ နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်မှ အင်ငါးခွ သကြားစက်၊ စုစုပေါင်း သကြားစက်(၂)စက် နှစ်စဉ်စက်လည်ပတ် ကြိတ်ဝါးလျက် ရှိပါသည်။အဆိုပါ သကြားစက် (၂)စက် အနေဖြင့် ၂၀၂၄ - ၂၀၂၅ ကြံကြိတ်ဝါးရာသီကာလက ကြံတန် ချိန် (၃၅၉၀၀၀)ကျော် ကြိတ်ဝါးခဲ့ပြီး သကြား တန်ချိန်ပေါင်း (၃၄၀၀၀)ကျော် ထွက်ရှိကြောင်း သိရှိရပါသည်။
ယခုနှစ် ၂၀၂၅ - ၂၀၂၆ ကြံကြိတ်ဝါးရာသီကာလတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ပထမပတ်မှစတင်၍ စက်များလည်ပတ်လျက်ရှိပြီး ကြံတန်ချိန် (၄၅၀၀၀၀)ခန့် ကြိတ်ဝါးရန် လျာထားလျက်ရှိပါကြောင်း၊ စက်ရုံအရောက် သန့်ရှင်းကြံတစ်တန်လျှင် ၁၇၀၀၀၀ ကျပ် ဈေးပေး ဝယ်ယူလျက်ရှိပြီး အမှိုက်ပါကြံတစ်တန်လျှင် (၅%)အလျော့ဖြင့်လည်းကောင်း၊ မီလောင်ကြံ တစ်တန်လျှင် ၈% အလျော့ဖြင့်လည်းကောင်း ဈေးပေးဝယ် ယူလျက်ရှိပါကြောင်း သိရှိရပါသည်။
နဝဒေးသကြားစက်အနေဖြင့် ကြံစိုက်တောင်သူများအား စက်ရုံမှ ၁၅ မိုင်အတွင်းရှိ ကြံစိုက် တောင်သူများအား ၇၀၀၀၀ ကျပ်၊ မိုင် ၃၀ အတွင်း ၆၀၀၀၀ ကျပ် ပံ့ပိုးပေးလျက်ရှိပြီး စက်ရုံအပြင် ဧရိယာအား ၁ ဧကလျှင် ဓါတ်မြေဩဇာ ၁ အိတ်နှုန်းဆောင်ရွက်ပေးပါကြောင်း၊ အင်ငါးခွသကြားစက် အနေဖြင့် ဘောင်လုံးစရိတ် (၁)ဧကလျှင် (ခင်းသစ်)၃၀၀၀၀ ကျပ်၊ (လမိုင်း) ၁၅၀၀၀ ကျပ်၊ ခုတ်သိမ်း စရိတ် (၁)တန်လျှင် ၃၀၀၀၀ ကျပ်ပံ့ပိုးဆောင်ရွက်ပေးပါကြောင်းသိရှိရပါသည်။
ယခုဒီဇင်ဘာလ နောက်ဆုံးပတ်အထိ နဝဒေးသကြားစက်အနေဖြင့် ကြံတန်ချိန် ၇၁၀၀၀ ကျော် ကြိတ်ဝါးပြီး သကြားတန်ချိန် ၅၅၀၀ ကျော်၊ အင်ငါးခွသကြားစက်အနေဖြင့် ကြံတန်ချိန် ၃၁၀၀၀ ကျော် ကြိတ်ဝါးပြီး သကြားတန်ချိန် ၂၇၈၀ ကျော် ပြည်ခရိုင်အနေဖြင့် စုစုပေါင်း သကြားတန်ချိန် ၁၀၂၀၀၀ ကျော် ကြိတ်ဝါးပြီး သကြားတန်ချိန် ၈၂၀၀ ကျော် ထွက်ရှိပြီဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
