Main menu

ဘေးအန္တရာယ်ကင်းဝေစေရေးအတွက် အသင့်စားမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    (၂၉.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး) နှင့်ဝန်ထမ်းများသည် တောင်ဥက္က လာပမြို့နယ်၊ ဝေဇယန္တာ  City Mart သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းဝေးစေ ရေးအတွက် အသင့်စားမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှုရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တို့နှင့်အညီ ကုန်စည်၏အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲအပါအဝင် လိုအပ်သောအချက်အလက်များကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ပြည်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)