Main menu

ဈေးကွက်အတွင်းဖရဲသီးဈေးနှုန်းအနည်းငယ်မြှင့်တက်လျက်ရှိ

Powered by Drupal

           ကယားပြည်နယ်တွင် ဖရဲသီးကိုမိုင်းလုံးရပ်ကွက်တွင်တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျှက်ရှိပြီး  ပြည်နယ်ဈေးကွက်အတွင်းရောင်းချလျှက်ရှိပါသည်။ အခြားဒေသများမှလည်း မှာယူတင်သွင်းကြပြီး ဖရဲသီးကိုစစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာ စသည့်ဒေများမှတင်သွင်းရောင်းချကြပါသည်။ ယခုနိုဝင်ဘာလတတိယအပတ်တွင်ဖြစ်ပေါ်နေ သောဖရဲသီးဈေးနှုန်းမှာ ဖရဲသီးအသေးတစ်လုံးလျှင်(၅၀၀)ကျပ်၊ ဖရဲသီးအလုံးလတ်တစ်လုံး လျှင်( ၁၀၀၀ )ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်( ၁၅၀၀ )ကျပ်အထိ ဈေးကောင်းရလျှက်ရှိ    ပါသည်။ယခင်အောက်တိုဘာလတတိယပတ်အတွင်းဖရဲသီးဈေးနှုန်းမှာ အလုံးသေးတစ်လုံးလျှင် (၃၀၀)ကျပ်၊ ဖရဲသီးအလုံးလတ်တစ်လုံးလျှင်(၇၀၀)ကျပ်၊ ဖရဲသီးအလုံးကြီးတစ်လုံးလျှင်(၁၂၀၀) ကျပ်အထိသာရှိခဲ့ပြီး ယခင်အောက်တိုဘာလတတိယအပတ်နှင့်ယခုနိုဝင်ဘာလတတိယအပတ် နှိုင်းယှဉ်လျှင်အလုံးသေးတစ်လုံးလျှင်(၂၀၀)ကျပ်၊အလုံးအလတ်တစ်လုံးလျှင် (၃၀၀)ကျပ်၊ အလုံး ကြီးတစ်လုံးလျှင်(၃၀၀)ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြှင့်တက်လာကြောင်း နောင်ယားဈေး အတွင်းရှိဖရဲသီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)