Main menu

ဈေးကွက်အတွင်းဖြစ်ပေါ်နေသောလိမ္မော်သီးဈေးနှုန်း

Powered by Drupal

        ကယားပြည်နယ်တွင်လိမ္မော်သီးကို ဘောလခဲမြို့နယ်အတွင်းရှိလွိုင်ဝိန်ကျေးရွာ၊ဝမ်မလန်ကျေးရွာတို့တွင်လည်း မိသားစုအပိုဝင်ငွေရရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီးမိုးအကုန်ဆောင်းဝင်စအချိန်တွင် ရောင်းချနိုင်သော ရာသီပေါ်သီးနှံတစ်မျိုးလည်းဖြစ်သည်။ဈေး ကွက်အတွင်းရောင်းချသောလိမ္မော်သီးမှာ ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း၊ အောင်ပန်းနှင့် ကလောစသည့်ရှိဒေသများမှမှာ ယူတင်သွင်းကြပြီးယခုနိုဝင်ဘာလအတွင်း ဈေးကွက်အတွင်း၌ လိမ္မော်သီးအလုံးသေးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလုံးလတ်တစ်ပိ ဿာလျှင် (၃၄၀၀)ကျပ်၊ အလုံးကြီးတစ်ပိဿာလျှင်(၃၈၀၀)ကျပ်ခန့်အထိရောင်းချလျှက်ရှိပြီး ဈေးကွက်အတွင်းအရောင်း သွက်သောသီးနှံတစ်မျိုးဖြစ်သည်ဟု လွိုင်ကော်မြို့အတွင်းရှိ သစ်သီးဝလံရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)