ကယားပြည်နယ်အတွင်း ထွက်ရှိသော ဒေသထွက်အာလူးသည် ပြည်နယ်အတွင်းစား သုံးသူများသော စားဖိုဆောင်သီးနှံတမျိုးဖြစ်သည်။ အာလူးကိုယခင်က လွိုင်ကော်၊ ဒီးမောဆို မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ဒီးမောဆိုမြို့နယ်မှာ စိုက်ပျိုးနိုင်မှုမရှိဘဲ လွိုင်ကော်မြို့နယ်အတွင်းသာ စိုက်ပျိုးမှုအနည်းငယ်ရှိသဖြင့် ဈေးကွက်လိုအပ်ချက်အရ အခြားဒေသများဖြစ်သည့် ပင်လောင်း၊ အောင်ပန်း၊ ကလော၊ နောင်တရားမြို့တို့မှ အများဆုံးတင် သွင်းရောင်းချလျက်ရှိပါသည်။ ယခုနိုဝင်ဘာလစတုတ္ထပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ် နေသော အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် အောက်တိုဘာလ စတုတ္ထပတ်တွင် အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၂၈၀၀)ကျပ် ဖြစ်ပြီး ယခုနိုဝင်ဘာလစတုတ္ထပတ်နှင့် ယခင်အောက်တိုဘာလ စတုတ္ထပတ် နှိုင်းယှဉ်လျှင် အာလူးတစ်ပိဿာ(၅၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း နောင်ယားဈေးရှိ အာလူးရောင်းချသူ တစ်ဦးထံမှ သိရပါတယ်။
DOCA(ကယား)