Main menu

မော်လမြိုင်မြို့နယ်၌ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စစ်ဆေးခြင်း

Powered by Drupal

    ၃၁.၁၂.၂၀၂၅ ရက်နေ့တွင် စာသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ယာဉ်လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကုမ္ပဏီ တို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ မြေနီကုန်း၊ အဝေးပြေးကားဝင်း၌ သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးရာတွင် သယ်ယူပို့ဆောင်ရေးမော်တော်ယဉ်များ၌ သတ်မှတ်လူဦးရေ ထက် ပိုမိုတင်ဆောင်ခြင်း ရှိ/မရှိ၊ ယာဉ်မောင်းအရက်သေစာသောက်စားထားခြင်း ရှိ/မရှိ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးထုတ်ပြန်ထားသောသက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများအနေဖြင့် ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့ရေး စသည့် ဝန်ဆောင်မှုများကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်ဖွယ် ရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါက ဖြစ်သင့်ဖြစ်ထိုက်သော ကုစားခွင့် ရရှိစေရေး စစ်ဆေးခြင်း၊ ကားလက်မှတ်ကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ပစ္စည်းများကို တန်ဆာခ ရယူသယ်ဆောင်ရာတွင် ပေးပို့သူက စိတ်ချလုံခြုံမှု ရရှိနိုင်မှု ရှိ/မရှိ၊ ကုန်စည်များကို သတ်မှတ်ရက်အတွင်း ပို့ဆောင်မှု ရှိ/မရှိ၊ ပစ္စည်းများတစိတ်တဒေသ ပျက်စီးခြင်း၊ အားလုံးပျက်စီးခြင်း ဖြစ်ပေါ်ပါကပေးလျော်ရန် သတ်မှတ်ချက်များ ရှိ/မရှိ၊ ရှိပါက ထိုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်း ရှိ/မရှိ၊ ခရီးသည်များလိုက်ပါစီးနင်းသောခုံများသည် သင့်လျော်သောအခြေအနေ ရှိ/မရှိ၊ ယာဉ်ထွက်ခွာရန် သတ်မှတ်သောအချိန်တွင် ထွက်ခွာ ခြင်း ရှိ/မရှိ၊ ယာဉ်အတွင်း မကောင်းသောအနံ့များ မရှိစေရန်၊ ကွမ်းတံထွေး၊ အမှိုက်ကဲ့သို့ သော ပစ္စည်းများမရှိစေရန် သန့်ရှင်းမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)