Main menu

စပါး၊ ဆန်ဈေးနှုန်းဈေးကွက်နှင့် တင်ပို့မှု၊တင်သွင်းမှု အခြေအနေများ

Powered by Drupal

        ကယားပြည်နယ်တွင် စပါးကို တရုတ်မျိုးရင်းဖြစ်သည့်(ဖိုက်အိုတူး)(5O2)စပါး၊ ရွှေရင်အေး(၁) စပါး၊ ရွှေရင်အေး(၂)စပါး၊ တရုတ်မွေးစပါးတို့ကို အဓိကစိုက်ပျိုးကြပါသည်။ စပါး ဈေးနှုန်းများမှာ- ဖိုက်အိုတူး(5O2)စပါး တစ်ပိဿာလျှင်(၁၆၀၀)ကျပ်ခန့်၊ ရွှေရင်အေး(၁၊ ၂) တစ်ပိဿာလျှင် (၁၂၀၀) ကျပ် ခန့်၊ တရုတ်မွေးစပါး တစ်ပိသာလျှင် (၁၁၀၀)ကျပ်ခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါကြောင်း စပါးစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါတယ်။

          ဆန်ဈေးနှုန်းများမှာ ရွှေရင်အေး (၁)တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်၊ ရွှေရင်အေး(၂) တစ်ပြည်လျှင်(၂၉၅၀)ကျပ်၊  တရုတ်မွေ တစ်ပြည်လျှင် (၂၇၀၀)ကျပ်၊ ရွှေအ တစ်ပြည်လျှင် (၂၅၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျှက်ရှိပါကြောင်း ဆန်အရောင်အဝယ်ဆိုင်ရှင်တစ်ဦးထံမှ သိရှိရပါတယ်။

          တရုတ်ဈေးကွက်အကြိုက် တရုတ်မျိုးရင်းစပါးအမျိုးအစားဖြစ်သော ရွှေရင်အေးစပါး၊ တရုတ် မွေးစပါးနှင့်(ဖိုက်အိုတူး)(5O2)စပါးတို့ကို  ပြည်နယ်တွင်းကြိတ်ခွဲကာ မန္တလေးမြို့သို့ တင်ပို့ကြပြီး မန္တလေးမြို့ မှတဆင့် တရုတ်နယ်စပ်သို့ ပို့ဆောင်ခဲ့ကြကြောင်း၊ စားသုံးရန်အတွက် ရွှေဘို၊ ဧရာဝတီ၊ ရန်ကုန်ဒေသများမှ ထွက်ရှိသော ပေါ်ဆန်း၊ ဇီယာ၊ ငစိန်ဆန်များကို ပြန်လည်တင်သွင်း၍ ဝယ်ယူ စားသုံးခဲ့ကြပါကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါတယ်။

        ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ယနေ့အချိန်ထိ ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၉၉၈၁)အိတ်၊ (၄၉၉)တန် ဖြစ်ကြောင်း အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ (၁၇၃၂၀)အိတ် (၈၆၆)တန် ဖြစ်ပါကြောင်း၊ ယခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကယားပြည်နယ်မှ အခြားဒေသသို့ ဆန်တင်ပို့မှုမှာ (၆၄၃၇၂)အိတ် (၃၂၁၉)တန် ၊ အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများမှာ (၆၃၁၆၀)အိတ် (၃၁၅၈)တန် တင်သွင်းခဲ့ပါကြောင်း ယခင်နှစ်နှင့်ယခုနှစ် နှိုင်းယှဉ်ကြည့်လျှင် ဆန်တင်ပို့မှု (၅၄၃၉၁)အိတ် (၂၇၂၀) တန်နှင့် ဆန်တင်သွင်းမှု (၄၅၈၄၀)အိတ်(၂၂၉၂)တန်ခန့် လျှော့နည်းလာခဲ့ကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရှိရပါတယ်။

DOCA(ကယား)