
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ အခွင့်အရေးအပြည့်အဝရရှိနိုင် စေရန်၊ နစ်နာဆုံးရှုံးမှုမရှိစေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးမှုများ ဆောင်ရွက်လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ ဒီဇင်ဘာလအတွင်း အောက်ပါ အရေအတွက်အတိုင်း လုပ်ငန်းဆောင်ရွက်နိုင်ခဲ့ပါသည်-
(က) အသိပညာပေးဟောပြောခြင်း ( ၁၂၇ )ကြိမ်
( ခ) လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း ( ၂၈၃ )ကြိမ်
( ဂ) တိုင်းစားသုံးသူရေးရာကော်မတီအစည်းအဝေး ( ၄ )ကြိမ်
(ဃ) စားသုံးသူအသိပညာပေးသင်တန်း(physical) ( ၃ )ကြိမ်
( င) စားသုံးသူအသိပညာပေးသင်တန်း( Online) ( ၈ )ကြိမ်
( စ ) အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း ( ၂ )ကြိမ်
( ဆ ) စားသုံးသူအသိပညာပေးပြခန်းပြသခြင်း ( ၂ )ကြိမ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလထိ Talk Show (၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။
စားသုံးသူအခွင့်အရေးချိုးဖောက်ခံရမှုနှင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများကို စားသုံးသူ ရေးရာဦးစီးဌာနကို အရေးဆိုတိုင်တန်းလာပါက ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း စားသုံးသူတိုင်ကြားမှု ( ၃ )မှုရှိပြီး တိုင်ကြားမှုအားလုံးကိုလည်း ဖြေရှင်းပေးနိုင်ပြီးဖြစ်သည်။ စားသုံးသူနစ်နာမှုများကို တိုင်ကြားတတ် လာသော အလေ့အထအားနည်းနေသေးသောကြောင့် နစ်နာမှုများကို တိုင်ကြားနိုင်ကြစေရေး အလေးထား အသိပညာပေး ဆောင်ရွက်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ ဝန်ထမ်းများသည် မိမိဌာန၏ စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို NewsLetter သတင်းလွှာတွင် ထည့်သွင်းဖော်ပြနိုင်ရေး သတင်း၊ဆောင်းပါး များ ရေးသားပေးပို့ရာ ၂၀၂၅ ခုနှစ်အတွင်း သတင်းရေးသားပေးပို့မှုအနေဖြင့် သတင်း( ၂၅၁ )ပုဒ်၊ ဆောင်းပါး(၇ )ပုဒ် ပေးပို့ခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလထိ Commerce Journal တွင် သတင်းပါဝင်မှု အနေဖြင့် သတင်း(၁၅)ပုဒ်၊ ဆောင်းပါး(၅)ပုဒ် ရေးသားပါဝင်ခဲ့ပါသည်။
ဌာနအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးရန်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အန္တရာယ်ရှိကုန်စည်များကို ဈေးကွက်တွင် ရောင်းချမှုမရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း စည်ပင် သာယာဈေးများ၊ အရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၂၇၆)ကြိမ်၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အထူးဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်း(၃၆)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် အထက်ဌာနများက အခါအားလျော်စွာ တာဝန်ပေးအပ်လာသော ကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရပါသည်။ ထိုသို့ စစ်ဆေးရာတွင် ဌာနကတာဝန်ပေးထားသော စစ်ဆေးရေးအရာရှိမှသော်လည်းကောင်း၊ မိတ်ဖက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း စစ်ဆေးကြရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏ရည်မှန်းချက်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျာထားချက်ကျော်လွန်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)
