Main menu

ဈေးကွက်အတွင်း ဂေါ်ဖီထုပ် ဈေးနှုန်းမြင့်တက်လျှက်ရှိ

Powered by Drupal

       ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်များကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးနှင့် ကုန်းသာကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးကြပြီး ဈေးကွက်အတွက်လိုအပ်သောဂေါ်ဖီများကို ရှမ်းပြည်နယ် ပင်လောင်း၊ တီဂျစ်တို့မှ မှာယူရောင်းချကြပါသည်။ ဂေါ်ဖီထုပ် ဈေးနှုန်းမှာ ယခု နိုဝင်ဘာလအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၈၀၀)ကျပ်၊ အသေး (၅၀၀) ကျပ်ဈေး အရောင်းအဝယ်ဖြစ်လျှက်ရှိရာ ယခင် အောက်တိုဘာလတွင် ဂေါ်ဖီထုပ် တစ်ထုပ်လျှင် အကြီး (၆၀၀)ကျပ်၊ အသေး(၄၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခင် အောက်တိုဘာလနှင့် ယခု နိုဝင်ဘာလ နှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၂၀၀)ကျပ် ၊ အသေး (၁၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း လွိုင်ကော်မြို့၊  သီရိမင်္ဂလာဈေးရှိ ဂေါ်ဖီထုပ်ရောင်းချသော လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)