
မြင်းခြံမြို့ဈေးကွက်အတွင်း ဇန်နဝါရီလတွင်ရောင်းချသည့် ပဲလွန်းပြာတစ်တင်းလျှင် (၆၂၀၀၀)ကျပ်၊ ပဲလွန်းဖြူတစ်တင်းလျှင်(၈၀၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခင်လ ပဲလွန်းပြာတစ်တင်းလျှင် (၇၃၀၀၀)ကျပ်၊ ပဲလွန်းဖြူတစ်တင်းလျှင် (၈၇၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ပဲလွန်းပြာတစ်တင်းလျှင်(၁၁၀၀၀)ကျပ်၊ ပဲလွန်းဖြူတစ်တင်းလျှင် (၇၀၀၀) ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ကျေးရွာများမှထွက်ရှိသော ပဲများကို မြင်းခြံမြို့ရှိပွဲရုံများ သို့ရောင်း ချသလို၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိရပ်ကွက်နှင့် ကျေးရွာများမှ စားသုံးကြသလို တောင်သာမြို့သို့လည်း တစ်ဆင့်ပြန်လည်ရောင်းချကြောင်း၊ ကောက်ညှင်းပေါင်းရောင်းချသည့် သူများမှဝယ်ယူ ကြကြောင်း၊ နေ့စဉ်အိတ်ရေ(၂၀-၃၀)အရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲမျိုးစုံရောင်းချ သည့်ဆိုင်များမှ သိရှိရသည်။
DOCA(မန္တလေး)
