
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါ သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဒုတိယပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲစောင်းလျားသီး(၂၅)ကျပ်သားလျှင် (၇၀၀)ကျပ်၊ ၁ ပိသာလျှင် (၂၈၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက် ဈေးနှုန်းမှာအစီးသေးတစ်စီးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူမျးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
