
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် အသား၊ ငါးများအပြင် လူသုံးကုန် ပစ္စည်းများ၊ ဒေသထွက်အသီးအရွက်များဖြစ်သည့် မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီး အမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် သံလမ်းဈေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ နို့ဆီဘူး (၁)ဘူးလျှင် (၆၀၀)ကျပ်၊ တစ်ပြည်လျှင် (၄၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့်အစေ့လွတ် (၁) ပိဿာလျှင် (၆၆၀၀) ကျပ် မှ (၇၄၀၀) ကျပ် ၊ အစေ့ပါ(၁) ပိဿာလျှင် (၅၂၀၀) ကျပ်မှ (၅၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
