Main menu

ကျွန်းဦးမူလတန်းကျောင်း အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     ၉.၁.၂၀၂၆ ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင်‌ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ဦးစီးမှူရုံးမှ ဝန်ထမ်းများသည် အခြေခံပညာ မူလတန်း  ကျွန်ဦးကျောင်းတွင် ကျောင်းသား/သူ (၁၁၀)ဦးတို့အား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အရံမီးသပ်တပ်ဖွဲ့ ဦးစီးဌာနတိုနှင့် ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက ဟောပြောရာ စားသုံးသူ အခွင့်အရေး (၈) ချက်နှင့် စားသုံးသူ၏ တာဝန်များအကြောင်း၊ လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ အာမခံကိစ္စများ၊ စားသောက်ကုန်များနှင့်ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းကိုလည်းကောင်း၊ ကုန်စည် တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင် သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက် ကြည့်ရှုတတ်စေရန် အဓိကကြည့်ရှုရမည့်အချပ်များကို ရှင်းလင်းခြင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း တိုင်ကြားရန် နည်းလမ်းများအကြောင်းနှင့် Call Center “1535” သို့လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးကျင်းပခဲ့ရာ ဆရာ/ ဆရာမ၊ ကျောင်းသား/သူ (၁၁၀) ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)