
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၉.၁.၂၀၂၆)ရက်နေ နေ့လယ် (၁၂:၀၀)နာရီကလပွတ္တာမြို့၊(၃)မိုင်မြို့သစ်ရှိ စက်မှု၊ စိူက်ပျိုးး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည် အရွယ်အစား၊ အရေအတွက်နှင့်အသား တင်ပမာဏ ထားသိုသိမ်းဆည်းမှုအညွှန်းသုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော ကျောင်းမုန့်ဈေးတန်း အဖွဲ့ဖြင့်သွားရောက်စစ်ဆေးပြီး မုန့်ဆိုင်ပိုင်ရှင်အား ဌာနမှထုတ်ပြန်ထားသော ဥပဒေ ညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများအလွန်အကျုးပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမပြုရန် မုန့်ဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၅)ဦး ကျောင်းသား/သူ(၇၀)ဦး၊ ပေါင်း(၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
