
ရွှေဘိုမြို့ရှိ ဈေးများတွင် အသားငါးများကိုရောင်းချလျက်ရှိရာ မြစ်၊ ချောင်း၊အင်းအိုင်၊ မူးများမှ ရရှိသည့် မူးငါးများကိုလည်း ရောင်းချလျက်ရှိရာ မူးငါးများမှာ ပေါလာပြီဖြစ်၍ စားသုံးသူများမှာ မူးငါးများကို အများဆုံးဝယ်ယူစားသုံးကြကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော မူးငါးဈေးနှုန်းများမှာ ငါးစဉ်ရိုင်းအကောင် အကြီး/ အသေး သောင်းပြောင်း (၁)ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်၊ ငါးမှုံတုံ (၁)ပိဿာလျှင် (၃၅၀ဝိ/-) ကျပ်၊ ငါးဗျက်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ငါးများမှာ ပေါ်များလာပြီဖြစ်၍ အချို့ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သည့် တံငါသည်များမှာ ငါးများကို အခြောက် လှမ်း၍ ပြန်လည် ရောင်းချကြကြောင်း၊ အခြောက်လှမ်းသည့် ငါးများမှာ ငါးမှုံတုံနှင့် ငါးဗျက်များကို လှမ်းကြကြောင်း၊ ငါးမှုံတုံခြောက် (၁)ဗူးလျှင် (၁၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ငါးဗျက်ခြောက် ဈေးနှုန်းမှာ နို့ဆီဗူး(၁)ဗူးလျှင် (၁၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)
