
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်း ချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် အတွက် ပခုက္ကူမြို့ ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ သိရှိစေရန်ရည်ရွယ်၍ (၁၀.၁.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၃၀)အချိန်တွင် ပခုက္ကူ မြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
ထိုသို့ အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်း ဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များနှင့်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး မိမိတို့ ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင်ကုန ်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များကို သေချာစွာလိုက်နာ ရန်လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များထံသို့လည်း မြေပြင်ကွင်းဆင်း စစ်ဆေးအတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ် ရရှိထားသည့် လုပ် ငန်းရှင်များသည် (၂)နှစ်ပြည့်လျှင် သက်တမ်းတိုးရမည် ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်း ချခြင်း လုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ် ထားသောကြောင့် မည်သူမဆိုအွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက် ထားရရှိပြီးမှ လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှ စတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင် ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ၅အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း၊ သို့မှသာ စားသုံးသူပြည်သူများအနေဖြင့် လုံခြုံစိတ်ချရမှုရှိပြီးလိမ်လည် ရောင်း ချခြင်းမှကင်းဝေးမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်များရရှိထားသည့်အတွက် စားသုံးသူအခွင့် အရေးများလည်းရရှိ လာမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
