
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “မြန်မာ့ရိုးရာ” ဆုံဆီ လုပ်ငန်းရှင် ဦးဖိုးဆယ်မှ မြေပဲဆုံဆီလုပ်ငန်းကို တည်ထောင်ခဲ့သည်မှာ (၆/၇)နှစ်ခန့်ရှိပြီဖြစ် ကြောင်း၊ ယခင်က ထက်တိုးချဲ့၍ ဆုံ(၆)လုံးတွဲဖြင့် ကြိတ်ခွဲနေကြောင်း၊ မီးလာသည့်အချိန်ပေါ်တွင် မူတည်၍ တစ်နေ့လျှင်(၂၅)ပိဿာဝင် မြေပဲအိတ်(၈/၉)အိတ်ခန့်ကြိတ်ခွဲရကြောင်း၊ အိမ်တွင် ပဲခွဲစက်ရှိ၍ လုပ်သားများခေါ်ပြီး ပဲရွေးသန့်စင်ကြောင်း၊ လုပ်သားဦးရေ(၇)ဦးရှိပြီး လုပ်သားခမှာ အမျိုးသား တစ်ဦးလျှင် ကျပ်(၁၀၀၀၀)၊ အမျိုးသမီးတစ်ဦးလျှင် ကျပ်(၈၀၀၀)ပေးရကြောင်း၊ မြေပဲဆံကို နဝလီအငှား မကြိတ်ဘဲ “မြန်မာ့ရိုးရာ” အမှတ်တံဆိပ်ဖြင့်သာ ရောင်းချသော ကြောင့် ဆုံဆီ၏ အရည် အသွေး ကိုလည်း အာမခံနိုင်ကြောင်း၊ မြေပဲဆံကို မြို့ပေါ်ရှိ ပွဲရုံများနှင့် ပခုက္ကူမြို့နယ်ရှိ ကိုင်း၊ အင်ပင်၊ ချောက်ကန်ကျေးရွာ၊ ညောင်ဦးနယ်ရှိ ပျော့ကန်၊ ငါ့သရောက် ကျေးရွာမှ တောင်သူများက လာရောက် ရောင်းချကြောင်း၊ မြေပဲ(ပဲကြီး)လုံးဆံကို တစ်ပိဿာလျှင် ကျပ်(၈၉၀၀-၉၁၀၀)ဖြင့် ဝယ်ယူရကြောင်း၊ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)ဖြင့် ရောင်း ချ၍ ဆုံခွေပဲဖတ် တစ်ပိဿာလျှင် ကျပ်(၆၂၀၀-၆၃၀၀)ဖြင့် ပွဲစားများက အိမ်သို့လာရောက် ဝယ်ယူကြောင်း၊ မြေပဲဆုံဆီလုပ်ငန်းအနေဖြင့် ယခုနှစ်သည် ယခင်နှစ်ထက် ပိုမိုတွင်ကျယ်စွာ ကြိတ်ခွဲရကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့မဈေး၊ ကုန်စုံဆိုင်နှင့် စူပါမားကတ်များ၊ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်မြို့များသို့ အမှာရှိလျှင် တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မကွေး)
