Main menu

တစ်ခါသုံးပလတ်စတစ်ဗူးအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၁၂..၂၀၂၆)  ရက်နေ့(၀၉:၀၀) အချိန်တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ တစ်ခါသုံးပလတ်စတစ်ဗူးအမျိုးမျိုး ရောင်းဝယ်ရေး  လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်လည်ရောင်းချခြင်းကိုဖြစ်စေ၊ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်း နှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများဖြစ်သော ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်းစသည့်အချက်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများဖြစ်သော မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သောသတင်အချက်အလက်နှင့် ပြည့်စုံသောဝန်ဆောင်မှု အဆင့်အတန်း နှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံထားသောအချိန် ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှု တန်ဖိုးအတိုင်းပေးအပ်စေခြင်း၊  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)