Main menu

မြိတ်မြို့၊  စျေးကွက်မရောက်မီ ရသာစုံမုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် စျေးကွက်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေး ဆောင်ရွက်လျက်ရှိရာ တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စျေးကွက် မရောက်မှီ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေးအတွက် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ ရသာစုံမုန့်လုပ်ငန်းသို့ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့ရှိ ရသာစုံ အမှတ်တံဆိပ် မုန့်တိုက်လုပ်ငန်းမှ ထုတ်လုပ် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိစေရေအတွက်ပြောကြားကာ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်တို့ကို ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာ စောင်ဖြန့် ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)