Main menu

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ဆန်ကုန်သည်နှင့်ဆန်စက် လုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊လပွတ္တာခရိုင်လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများ သည်(၁၃.၁.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ဆန်ကုန်သည်နှင့်ဆန်စက်  လုပ်ငန််းရှင်များအားဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံမှစားသုံးသူရေးရာဦးစီးဌာန၏လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်း ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ၂၀၁၉ပါပြဌာန်းချက် များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသောဆန်ဈေးကွက်အတွင်းဈေးနှုန်းကြီးမြင့်မှုအပေါ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသော ပြည်တွင်းဆန် ဈေးကွက် အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ကန်စွာဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးရေး ကိစ္စများအား အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ ဆွေးနွေးပွဲသို့ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန််းရှင်(၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)