
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဆီလုပ်ငန်းရှင် အသင်းနှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ(ဘူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသား ၊ပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန် ရည်ရွယ်၍ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေး(စစ်ဆေးရေးအရာရှိ) က စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) ပုဒ်မ ၄၁အရ (ဘူးဆီ)များကို ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်(၈) ချက်နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့် (ဆ) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားသော ကုန်စည်၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက် ပြည့်စုံစွာ ပါဝင်သော များကိုသာ ရောင်းချရန် ဆွေးနွေးတိုက်တွန်းခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
