Main menu

“မင်းသား” ပေါင်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး ကွင်းဆင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ(၁၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဘိုကလေးမြို့(၁) ရပ်ကွက် (၂) ဖြတ်လမ်းရှိ  “မင်းသား” ပေါင်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ပေါင်မုန့်ထုတ်လုပ်ရန် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများမှာ (ဂျုံ၊သကြား၊ ဆား၊ဖွဆေး၊ ဂျုံနုဆေး၊ရေသန့်) တို့ဖြစ်ပြီး တစ်နေ့လျှင် အလုံးရေ (၃၀၀) ခန့် ထုတ်လုပ်လျက်ရှိပါသည်။ထုတ်လုပ်ရာတွင် ပေါင်မုန့်(အနု၊အကြမ်း) နှစ်မျိုး ထုတ်လုပ်ပြီး ဈေးကွက်အတွင်း မှာယူမှုပေါ် မူတည်၍ ထုတ်လုပ်လျှက်ရှိသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ပေါင်မုန့် အနု တစ်လုံးလျှင် (၁၃၀၀) ကျပ်၊ ပေါင်မုန့် အကြမ်း တစ်လုံးလျှင် (၁၀၀၀) ကျပ်ဖြင့် ဒေသအတွင်း၌သာ  ဖြန့်ဖြူးရောင်းချလျှက်ရှိသည်။

          ထို့နောက် မြို့နယ်တာဝန်ခံက ဈေးကွက်မရောက်မီ ကုန်စည်ထုတ်လုပ်နေမှုအား စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်  သန့်ရှင်းသပ်ရပ်စွာ  ထုတ်လုပ်နေမှုအခြေအနေ၊ ထားသိုသိမ်းဆည်းမှု အခြေအနေ၊ ထုပ်ပိုးရောင်းချမှု အခြေအနေတို့ကို ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)