Main menu

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များသို့ အာဟာရ ဖြည့်စွက်စာများ ရောင်းချမှု ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံရုံးမှဒေါ်ဇင်မာသန်း နှင့်ဝန်ထမ်းများသည် (၁၄.၁.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် မြို့နယ်ထွေ/အုပ်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍အိမ်မဲမြို့ရှိဆေးဆိုင်များအားအာဟာရဖြည့်စွက်စာများရောင်းချမှုနယ်မြေဈေးကွက်စောင့်ကြည့်   စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံမှ ဆေးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော၂၀၁၉ ပါဥပဒေပြဌာန်းချက် များမှဥပဒေအခန်း(၁၈)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များ၊ လိုက်နာဆောင်ရွက်ကြရန် အာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ထားသိုသိမ်းဆည်းမှုအညွှန်းအတိုင်း ထားသိုရောင်းချကြရန်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး သည့်ရက်စွဲများကိုလည်းစစ်ဆေးရောင်းချ ကြရန် အစားအသောက်ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ကြရန်ဆေးဆိုင်ပိုင်ရှင် များအားသတိပေးမှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)