
ပဲလွန်းပြာ
ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇန်နဝါရီလ၊ ပထမအပတ်တွင်ပဲလွန်းပြာအသစ်များ စတင်ဝင်ရောက် လျက်ရှိကြောင်း၊ ယခုအပတ်တွင်ရောင်းချသည့် ပဲလွန်းပြာအသစ်ဈေးနှုန်းမှာ (၁)ပြည်လျှင်(၅၆၀ဝိ/-) ကျပ်နှင့် တစ်တင်းလျှင်(၈၉၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ(၁)ပြည်လျှင် (၅၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲလွန်းပြာ(၁)ပြည်လျှင် (၁၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။
ပဲလွန်းဖြူ
ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလကုန်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ဇန်နဝါရီလ၊ လကုန်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲလွန်းဖြူ (၁)ပြည်လျှင်(၆၀၀ဝိ/-) ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ(၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ လက်ရှိအချိန်ထိ ပဲလွန်းဖြူအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်သော်လည်း အဝင်/အထွက် ပုံမှန်သာရှိနေခြင်းကြောင့် ဈေးနှုန်းတည်ငြိမ်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်းရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
